Ayeyarwady REO

Grade-5 နှင့် Grade-9 စာမေးပွဲဆိုင်ရာလုပ်ငန်းဆွေးနွေးပွဲ

(၂၃.၁၁.၂၀၁၉) ရက်နေ့ ၊ နံနက် (၁၀ : ၀၀)နာရီ တွင် ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ Grade-5 နှင့် Grade-9 စာမေးပွဲဆိုင်ရာလုပ်ငန်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဦးကျော်ဝင်းမှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  Grade-5 နှင့် Grade-9 စာမေးပွဲဆိုင်ရာလုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် လမ်းညွှန်မှာကြားချက်များနှင့်အညီ စည်းစနစ်ကျနစွာဖြင့် ဆောင်ရွက်နိုင်စေရန် ၊ ကျောင်းသားဦးရေစာရင်း မှန်ကန်တိကျစေရန် ၊ မေးခွန်းအရည်အသွေး အဆင့်မီစေရန်၊ Grade-5 နှင့် Grade-9 ကျောင်းသားများ၏ သင်ယူတတ်မြောက်မှု အဆင့်အတန်းမြင့်မားစေရန် နှင့် စာမေးပွဲကိစ္စများ ဆောင်ရွက်ရာတွင် မသမာမှုကင်းရှင်းရေးနှင့် တိကျစွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပညာရေးမှူးများ ၊ မြို့နယ်ပညာရေးမှူးများမှ အနီးကပ်ကြီးကြပ်လမ်းညွှန်ပေးပါရန် ပြောကြားခဲ့ပါသည်။

            ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ) ဆရာကြီး ဦးဆန်းမြင့်ဦးမှ စာမေးပွဲကိစ္စများ ဆောင်ရွက်ရာတွင်  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။             ဒုတိယညွှန်ကြားရေးမှူး(စီမံကိန်းများကြီးကြပ်အကဲဖြတ်) ဆရာမကြီး ဒေါ်မေမေခင်မှလည်း (၃၀.၁၀.၂၀၁၉) မှ(၃.၁၁.၂၀၁၉)အထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်ခဲ့သော ဆွေးနွေးပွဲမှ စာမေးပွဲဆိုင်ရာလုပ်ငန်းကိစ္စများကို ထပ်ဆင့်ရှင်းလင်းခဲ့ပါသည်

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပညာရေးမှူး(၆)ဦး ၊ မြို့နယ် ပညာရေးမှူး(၂၆)ဦး ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးရှိ (စီမံကိန်းများ ကြီးကြပ်အကဲဖြတ်) အဖွဲ့ဝင် အရာထမ်း ၊ အမှုထမ်း (၁၆)ဦး ၊ စုစုပေါင်း (၄၈)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ (၂:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

Please follow and like us:
error

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်