Ayeyarwady REO

ဧရာဝတီတိုင်းဒေသကြီး၂၀၁၉-ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ

ပုသိမ်မြို့၊ အထက(၁)၊ “ရတနာတန်ဆောင်ခန်းမ”

ဧရာဝတီတိုင်းဒေသကြီး ၂၀၁၉-ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း”ရတနာတန် ဆောင်”ခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ်ပညာရေးမှူးများ၊ ထက်/လယ်/မူကျောင်းအုပ်ကြီးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ စုစုပေါင်း(၃၀၀)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပုသိမ်မြို့၊ အထက(၂)မှကျောင်းသား/သူလေးများက “ပညာပန်းခင်း” အဖွင့်သီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်း၊ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဆရာကြီး ဦးဖြူဝင်း ကဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ အထက(၅)၊ ပုသိမ်မှ ကျောင်းသား/သူလေးများက “We Are The World”  သီချင်းဖြင့် သီဆိုဂုဏ်ပြု ဖျော်ဖြေခြင်း၊ ဖျော်ဖြေရေးကျောင်းများအားဂုဏ်ပြုဆုများချီးမြှင့်ခြင်းများ ဆောင်ရွက်ပြီး ၂၀၁၉-ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက် ရေးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

(တိုင်းပညာ)

Please follow and like us:
error

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်