Ayeyarwady REO

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်နိုင်ရေး (တိုင်းဒေသကြီးအဆင့်) ရှင်းလင်းပွဲ

(၇.၉.၂၀၁၉)ရက်နေ့နံနက် (၁၀:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေး ခန်းမ၌အခြေခံပညာ အထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်နိုင်ရေး (တိုင်းဒေသကြီးအဆင့်) ဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာကြီးဦးကျော်ဝင်းမှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

            မြန်မာနိုင်ငံသည် ကမာ္ဘနှင့်ရင်ဘောင်တန်းနိုင်ရန်နှင့် ဝင်ဆံ့နိုင်ရန်ဆောင်ရွက်နေပါသဖြင့် ပညာရေး ရင်းနှီးမြုပ်နှံမှုများကို များစွာပြုလုပ်နေပါသည်။ လိမ္မာယဉ်ကျေးပြီး တီထွင်နိုင်စွမ်းရှိကာ ကမ္ဘာကိုဦးဆောင်နိုင် သည့် နိုင်ငံ့သားကောင်းများဖြစ်အောင် မွေးထုတ်ပေးနေပါသည်။ ပညာရေးဝန်ထမ်းများအနေဖြင့် အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် CC (Completion Certificate )ပေးနိုင်ရန် ပါဝင်ဆောင်ရွက်ရ သည့်အတွက် ဂုဏ်ယူစေလိုကြောင်း၊ ယခင်နှင့်မတူဘဲ တန်ဖိုးရှိသော CC ကို ပေးမှာဖြစ်သည့်အတွက် ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများအား လေးလေးနက်နက်ဆောင်ရွက်စေလိုကြောင်းနှင့် CC လက်မှတ်သည် ကျောင်းသားများအတွက် TVET သင်တန်းကျောင်းများနှင့်    ချိတ်ဆက်ပြီး      အဆင့်အတန်းရှိသော  သက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်ရန် ရည်ရွယ်ကြောင်းပြောကြားခဲ့ပါသည်။

            ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ)ဆရာကြီး ဉီးဆန်းမြင့်ဉီးမှလည်း CC လက်မှတ်ပေးအပ်နိုင်ရေးအတွက်  လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ CCလက်မှတ်ပေးအပ်နိုင်ရန် စံသတ်မှတ်ချက် (၇)ချက်ကို ဒုတိယညွှန်ကြားရေးမှူး (ကြီးကြပ်အကဲဖြတ်)ဆရာမကြီး ဒေါ်မေမေခင်နှင့် မြောင်းမြခရိုင်ပညာရေး မှူး ဆရာမကြီး ဒေါ်ဝင်းဝင်းတင်တို့မှ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

            ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်အဆင့် CC လက်မှတ်ပေးအပ်နိုင်ရေး ထပ်ဆင့်ဆွေးနွေးပွဲများကို လည်း၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေးကြပါသည်။

            ထို့အပြင် G-6 နှင့်  G-3 စစ်ဆေးအကဲဖြတ်မှု ပုံစံများကို လက်ထောက်ညွှန်ကြားရေးမှူး (ကြီးကြပ်အကဲဖြတ်) ဆရာကြီး ဉီးလွင်ဉီးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (ကြီးကြပ်အကဲဖြတ်) ဆရာမကြီး ဒေါ်မြတ်မြတ်ကျော်တို့မှ ရှင်းလင်းဆွေးနွေးကြပါသည်။             အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းပညာရေးမှူးရုံးရှိ (ကြီးကြပ်အကဲဖြတ်) အဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြားရေးမှူး(ပညာ)၊ လက်ထောက် ညွှန်ကြားရေးမှူး(ပညာ)နှင့် ဧရာဝတီတိုင်းဒေကြီးအတွင်းရှိ ခရိုင်ပညာရေးမှူးရုံးများမှ လက်ထောက် ညွှန်ကြားရေးမှူး (ကြီးကြပ်အကဲဖြတ်) ၊ လက်ထောက် ညွှန်ကြားရေးမှူး(ပညာ)၊ ခရိုင်ကိုယ်စားပြု အထက်တန်းကျောင်းအုပ်ကြီးများ စုစုပေါင်း (၃၇) ဉီးတက်ရောက် ခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ(၂:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

Please follow and like us:
error

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်