Ayeyarwady REO

MFF U13 GIRLS FOOTBALL TOURNMENT 2019 (States & Regions) အမျိုးသမီးကျောင်းသူ ဘောလုံးပြိုင်ပွဲတွင်( ဧရာဝတီအမျိုးသမီးကျောင်းသူ ဘောလုံးအသင်း တံခွန်စိုက်ဒိုင်းရရှိ

(၁-၈-၂၀၁၉) ရက်နေ့ ဗိုလ်လုပွဲတွင် အိမ်ရှင်ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲ ပြီးဆုံးချိန် (၁၀)မိနစ်အလိုတွင် ဧရာဝတီမှ ကျောနံပါတ်(၄) မခင်ဖုန်း၏ တိုက်ရိုက်ကန်ချက်ဖြင့် အနိုင်ဂိုးရရှိခဲ့ရာ ရန်ကုန်တိုင်းအသင်းအား (၁)ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိပြီး MFF U13 GIRLS FOOTBALL TOURNAMENT 2019(States & Regions) တံခွန်စိုက်ပထမဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ တံခွန်စိုက်ဆုကြေးငွေ သိန်း(၃၀)နှင့်အတူ ဂိုးအများဆုံးဆု ကျောနံပါတ်(၄) မခင်ဖုန်း (၁၁ဂိုး သွင်းယူခဲ့သူ)အား ဆုကြေး(၂)သိန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာအသက်(၁၃)နှစ်အောက် ကျောင်းသူဘောလုံး အသင်းအား အိမ်အပြန်လမ်းတလျှောက် (ဆားမလောက်၊ ပန်းတနော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်)တို့မှ ကြိုဆိုဂုဏ်ပြုခဲ့ကြခြင်းနှင့်အတူ တိုင်းဒေသကြီးပညာရေးမှူးရုံး မိသားစုနှင့် ပုသိမ်မြို့မှ ကျောင်းသား၊ ကျောင်းသူ တို့မှလည်း တိုင်းပညာရေးမှူးရုံးရှေ့၌ သောင်းသောင်းဖြဖြကြိုဆို၍ တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် နေ့လယ်စာကျွေးမွေး ဧည့်ခံပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဂုဏ်ပြုဆုငွေ (၅)သိန်းကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ ညပိုင်းတွင် ပုသိမ်မြို့ Old Star အဖွဲ့မှ Royal Lake တွင် ဂုဏ်ပြုညစာဖြင့် ဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။

တိုင်းပညာ

Please follow and like us:
error

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်