Ayeyarwady REO

ဧရာဝတီ U13 ကျောင်းသူဘောလုံးအသင်း ဗိုလ်လုပွဲတက်ရောက်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော MFF U13 GIRLS FOOTBALL TOURNMENT 2019 အသက် (၁၃)နှစ်အောက် အမျိုးသမီးကျောင်းသူဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏ မြတ်ခင်းတုဘောလုံးကွင်း၌ ကျင်းပလျက်ရှိရာ ဧရာဝတီတိုင်း U13 ကျောင်းသူဘောလုံး အသင်းသည် အုပ်စုပွဲတွင် ဧရာဝတီနှင့် ရခိုင် (၁၃:၀)၊ ဧရာဝတီနှင့် ကချင် (၉:၀)၊ ဧရာဝတီနှင့် ရှမ်း(မြောက်) (၅:၀)၊ ဧရာဝတီနှင့် မန္တလေး (၈:၀) ဖြင့် ပေးဂိုး မရှိဘဲ (၄)ပွဲ စလုံး အနိုင်ရရှိကာ အုပ်စုပထမဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ပါသည်။ (၂၈-၇-၂၀၁၉) ရက်နေ့ ကွာတားဖိုင်နယ်ပွဲတွင် ဧရာဝတီနှင့် မွန်တို့ ယှဉ်ပြိုင်ကစားရာ ဧရာဝတီက(၁) ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပါသည်။ (၃၀-၇-၂၀၁၉)ရက်နေ့ ဆီမီးဖိုင်နယ်ပွဲတွင် ဧရာဝတီနှင့် နေပြည်တော်တို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီက (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဗိုလ်လုပွဲကို (၁-၈-၂၀၁၉)ရက်နေ့၊ ညနေ(၄)နာရီတွင် သုဝဏ္ဏ မြက်ခင်းတုဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ရာ သွားရောက်အားပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

(တိုင်းပညာ)

Reference: ဘသိန်းနှင့် ချစ်ပန်းနန်းစံ (Facebook)

Please follow and like us:
error

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်