Ayeyarwady REO

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကျန်းမာရေး လှုပ်ရှားမှု ကျောင်းမုန့်ဈေးတန်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆွေးနွေးပွဲကျင်းပ

တိုင်းဒေသကြီးပညာရေးမှူးရုံးအစည်းအဝေးခန်းမ၊ ၂၆-၇-၂၀၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကျန်းမာရေး လှုပ်ရှားမှု ကျောင်းမုန့်ဈေးတန်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆွေးနွေးပွဲအခမ်းအနားကို တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ်(၁)နာရီတွင် ကျင်းပရာ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်များမှ ပညာရေးမှူးများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (တာဝန်) အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာပြည့်ဖြိုးမှ ဆွေးနွေးခြင်း၊ ဒေါက်တာမျိုးထွန်းကျော်မှ လုပ်ငန်းစီမံချက်များ အသေးစိတ် ဆွေးနွေးခြင်း၊ ဒေါက်တာမေသန္တာဝင်းမှ ကျောင်းကျန်းမာရေး ဦးစားပေး လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများဆောင်ရွက်ပြီး နေ့လယ်(၂:၃၀)နာရီတွင် ဆွေးနွေးပွဲအခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

တိုင်းပညာ

Please follow and like us:
error

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်