Ayeyarwady REO

ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်းဆုံး ခရိုင်၊ မြို့နယ်၊ ကျောင်းများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ်မြို့၊ မြို့တော်ခန်းမ၊ ဇူလိုင် 26-7-2019

ဧရာဝတီတိုင်းဒေသကြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်းဆုံး ခရိုင်၊ မြို့နယ်၊ ကျောင်းများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်၊ ကျောင်းများ၊ ထူးချွန်ဆုရကျောင်းသားကျောင်းသူများ၊ ဆရာ/မများနှင့် ကျောင်းသူကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်(တာဝန်)ဦးကျော်ဝင်းက ဆုချီးမြှင့်ပွဲ ကျင်းပခြင်း လုပ်ငန်းဆိုင်ရာများ တင်ပြပြီး အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်းများအား ဝန်ကြီးချုပ် ဦးလှမိုးအောင်ကလည်းကောင်း၊ ဝိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲတွင် နိုင်ငံတော်အဆင့် ဆုရရှိသူများအား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် (သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာ) ဘာသာတွဲ အဆင့်(၁)မှ (၅)ထိ ရရှိသော ကျောင်းသား/ကျောင်းသူများ၊ (၆)ဘာသာ/(၅)ဘာသာ ဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(တိုင်းပညာ )

Please follow and like us:
error

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်